မိတ္ထီလာ ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုးဒယားကြိုးဖြင့် ခြင်းယက်လုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြာခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်နှင် တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သော ယိုးဒယားကြိုးဖြင့် လူသုံးကုန် ခြင်းရက်လုပ်နည်းသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူများက သင်တန်းမှရရှိသော အသိပညာအတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် လက်တွေ့ကျကျအသုံးချပြီး မိသားစုစီးပွားရေးကို အထောက်အကူပြုစေနိုင်ရန်အတွက် ဆက်လက်ကြိုးစားသင်ယူကြရန် ပြောကြားခဲ့သည်။
၎င်းနောက် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသူများအား ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ဆုများအသီးသီးပေးအပ်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်