ကျောက်ဆည်မြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများနှင့်တွေ့ဆုံပြီး ကျောက်သေတ္တာ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း

ကျောက်ဆည် မေ‌ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်/ခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများတွေ့ဆုံပြီး ကျောက်သေတ္တာ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရွှေသာလျောင်းတော်ပေါ်ရှိ တိမ်းစောင်းရွေ့လျားခဲ့သည့် ကျောက်သေတ္တာကြီးအား သဘာဝအတိုင်းရှိစေရေး ဆောင်ရွက်နေမှုအကြောင်းများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိဦးမြင့်ဟန်က ကျောက်သေတ္တာကြီး၏ အန္တရာယ်ကြောင့် မြို့မဈေးသည်များအား ယာယီဈေးဖွင့်လှစ်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး မြို့မိ၊ မြို့ဖ ဦးထူးထူးက ပါဝင်ဆွေးနွေးခဲ့ကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မေးမြန်းမှုများအပေါ် လုပ်ငန်းများအဆင်ပြေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)