မိတ္ထီလာမြို့၌ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေး အထက(၁) ကျောင်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးစွာ ကျောင်းအပ်နှံရေးဆိုင်ဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်အနီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းသာ