ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပ

ပုသိမ်ကြီး မေ ၁၇

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲက အထက ပုသိမ်ကြီးကျောင်းဝင်ပေါက်ရှေ့၌ ကျင်းပသည်။

ဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင် တို့က ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ခုနှစ် မေလ(၂၂)ရက်နေ့မှ ဇွန် (၁)ရက်နေ့အထိ သတ်မှတ်ကာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးစီစဥ်ဆောင်ရွက် ပေးမည်ဖြစ်သည်။ အခမ်းအနားသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်နှင့် မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်