မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့နံနက် (၁၁) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်အဆင်ပြေနေကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား နိုင်ငံတော်မှ ချီးမြှင့်သည့်ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံ‌တော်မှ ချီးမြှင့်သည့် ငွေများကို ပေးအပ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင် သစ်ကိုင်းများလဲကျမှုဖြစ်ပွား၍ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သစ်ပင်၊ သစ်ကိုင်းများ လဲကျကာ လမ်းပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈၁၆၉) ဧက လျာထားစိုက်ပျိုးမည်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံ (၁၇၈၁၆၉) ဧကကို လျာထားစိုက် ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္တီလာမြို့နယ် ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင် VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပျော်ကုန်းကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများ ပေးအပ်

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မိတ္ထီလာမြို့မဈေးကြီးနှင့် ညောင်ပင်သာကျေးရွာ ခေမာသီရိပရဟိတသီလရှင်သင်ပညာရေးကျောင်းတို့၌  ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တံတားဦးခရိုင်/ မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်/ မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍  နွေရာသီစစ်တုရင် သင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညောင်ဦးခရိုင် လူထုအခြေပြဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး