မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများ ပေးအပ်

မဟာအောင်မြေ မေ ၂၇

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်ဖွယ်ရာများနှင့် အိမ်သုံးပစ္စည်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မဟာအောင်မြေမြို့နယ်  ၊ (၁၈) ရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၆၇)စုအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက စောင်၊ ခြင်ထောင်၊ ငါး​သေတ္တာ၊ Mask၊ သွားတိုက်ဆေး၊ ဘီစကစ်၊ လုံချည်၊ ခေါက်ဆွဲခြောက်များအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း