မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (နှမ်း၊နေကြာ) မျိုးများ ပေးအပ်

မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် ဆီထွက်သီးနှံ(နှမ်း၊နေကြာ)မျိုးများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က  ဆည်ရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ပိုင်ရှင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ရှင်များအား ယနေ့နံနက် ၁၁ နာရီအချိန်က မှန်တန်းရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် Save the Children အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 မိတ္ထီလာမြို့နယ် တောမကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

လာမည့်ဇွန်လာ ၅ ရက်နေ့တွင် ကျရောက်မည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် သော အသိပညာပေးဟောပြောပွဲကို မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု တောမကျေးရွာ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟော‌ပြောပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း (၂၀၀၅၆) ဦး ကျောင်းအပ်လက်ခံပြီးစီး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၅ ခုနှစ် မေလ (၂၂) ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ နေ့စဉ် ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန် မိုးဦးကျတွင်ဖြစ်ပွားတက်သော သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တံတားဦး အခြေခံပညာအထက်တန်းကျောင်းတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃x ၃၄ လမ်းကြားရှိ ဒေါ်လင်းလင်းကြွယ်၊ ပိုင်ဆိုင်သော Cow Boy Bar တွင် မေလ ၂၈ ရက် နံနက် (၉း၅၀) နာရီတွင်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးသင့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း တတိယအကြိမ်(အခမဲ့)ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ထပ်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေး သင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က တတိယအကြိမ် အဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ(အခမဲ့)ဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ်တွင် မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်တောင်သူ စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မိုးသီးနှံ၊မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်ကပွဲလုံးကျော်ကျေးရွာ အုပ်စုရှိ၊ ထိန်ကန်ကြီးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး