မဟာအောင်မြေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား နိုင်ငံတော်မှ ချီးမြှင့်သည့်ငွေများ ပေးအပ်

မဟာအောင်မြေ မေ၂၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ နိုင်ငံ‌တော်မှ ချီးမြှင့်သည့် ငွေများကို ပေးအပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အသီးသီးသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာကြသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၁၀၅၀)စု၊ လူဦးရေ (၃၃၇၉)ဦးအတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် (၁)ဦးလျှင်(၁)လအတွက် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် (၂/၂၀၂၅)လနှင့် (၃/၂၀၂၅)လတို့အတွက် ချီးမြှင့်ငွေစုစုပေါင်း (၁၃၅၁၆၀၀၀ဝိ/-)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း