မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင် သစ်ကိုင်းများလဲကျမှုဖြစ်ပွား၍ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် သစ်ပင်၊ သစ်ကိုင်းများ လဲကျကာ လမ်းပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။