မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် IOM အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr.Iori KATO အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည်  အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM)၏  အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Iori KATO အား ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သာစည်မြို့နယ် အခြေခံသမဝါယမအသင်းသားတောင်သူများ မိုးကြိုဝါ ၁၃၇ ဧက စိုက်ပျိုးထား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့်ဝါဆွတ်ခူးနေမှုအခြေအနေများအား ဩဂုတ် ၁၃ ရက်နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးကာ ဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသည်။

အမရပူရမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့(၂)ရပ်တွင် ထရံကာသွပ်မိုး (၂) ထပ်အိမ်မှ အတွင်းမိန်းခုန်ဝါရာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့ နံနက် (၁၀) နာရီက မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယပညာသင် ကာလ) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းနှစ်အသီးသီးအတွက် ဘာသာရပ်ပေါင်းစုံမှ စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က ပုသိမ်ကြီး၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇ္ဗူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယ‌နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့ Community Centre ခန်းမ၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးမြို့ စာရေးဆရာကြီးများမှ ဦးဆောင်၍ စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၊ အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ ယမန်​‌နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ  ပြသပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး