မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ခြင်း၏အကျိုး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ မိုးကြိုဝါသီးနှံ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဖက်ကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများကသွားရောက်ကာ မိုးကြိုဝါစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်တော်ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်ပျက်စီးနေသည့် မြောင်းဘောင်များအား ကျောက်သားဆလံစီခြင်းများ ပြုလုပ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဒေသခံတောင်သူများ ကုန်ထုတ်ရာ၌ အဆင်ပြေစေရေး၊ မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သီးနှံမျိုးစုံ(၆၈၈၂)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး တောင်တော် ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်၌ ပျက်စီးနေသည့်မြောင်းဘောင်များအား ကျောက်သားဆလံစီးခြင်းလုပ်ငန်းများဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ် ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်   ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာ ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဩဂုတ် ၁၃ ရက်က  ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးလှိုင်မင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။    

မြစ်သားမြို့နယ်တွင် မိုးစပါးလက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာ သုံစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရန်  စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော မိုးစပါးလက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder) ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၃ ရက်က လမ်းခွကျေးရွာ ကွင်းအမှတ် (၄၇၀)၊ ဦးပိုင်အမှတ် (၃၅/၁) ရှိ ဒေသခံတောင်သူ ဦးဟိန်းထက်၏ လယ်မြေနှစ်ဧကတွင် ဆောင်ရွက်သည်။

မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၃ ရက်က အခြေခံပညာအထက်တန်း ကျောင်း(ညောင်ကိုင်)တွင် ကျင်းပရာ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးသည်။

World Youth Skills Day 2025 အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများ နှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)တွင် World Youth Skills Day 2025 အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည် ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်၁၃ရက် နံနက်ပိုင်းက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး