သာစည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသား တောင်သူ ၄၃ ဦးကမိုးကြိုဝါမျိုး RAKA-666 နှင့် TBL-195 တို့ကို ၁၃၇ ဧကစိုက်ပျိုးထားရာ မိုးကြိုဝါစိုက်ခင်းအခြေအနေများနှင့်ဝါဆွတ်ခူးနေမှုအခြေအနေများအား ဩဂုတ် ၁၃ ရက်နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးညီညီဝင်းနှင့်မြို့နယ် အသင်းစုဥက္ကဋ္ဌတို့က ဇီးပင်ပေါက်ကျေးရွာ အောင်ရတနာ-၃ လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်မှအသင်းသားတောင်သူများစိုက်ပျိုးထားသော RAKA-666 မျိုး နှင့်TBL-195 စိုက်ဧက ၃၃ ဧကကို ကြည့်ရှုသည်။ ဆက်လက်၍ ဝါဆွတ်ခူးလျက်ရှိသော အသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဝါထွက်ရှိမှုအခြေအနေများကိုမေးမြန်းရာ တောင်သူများက အကြိမ်ရေ ၈ ကြိမ်ခူးဆွတ်ပြီး ပိဿာချိန် ၄၅၀ ထွက်ရှိကြောင်းနှင့် ကျန်ရှိနေသည်များအား ဆက်လက် ခူးဆွတ်ပြီးပါက ပန်းတိုင်အထွက်နှုန်းရရှိနိုင်ကြောင်း သိရသည်။ ထို့နောက် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ထွက်ရှိလာသည့်ဝါများဈေးကောင်းရရှိရန် ဝါဝယ်ယူသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်