ပုသိမ်ကြီး ဩဂုတ် ၁၃
မန္တလေးမြို့ စာရေးဆရာကြီးများမှ ဦးဆောင်၍ စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာရေးဆရာ ဒေါက်တာခွန်စိုးမိုး ရေးသားသည့် ''နှလုံးရောဂါနှင့် လေဖြတ်ခြင်း မဖြစ်စေရ'' လူသားများ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်း တစ်အုပ်ပင်ဖြစ်သည်။ အဆိုပါစာအုပ်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၊ မြို့မအလင်းရောင်စာကြည့်တိုက်၊ ဘဝအသိစာကြည့်တိုက်တို့အား ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ နိုင်စေရ (မန်းတက္ကသိုလ်) နှင့် အဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာစိုင်းအောင်မိန်း၊ ဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)ကိုယ်စား လာရောက်လှူဒါန်းကြသည့် စာရေးဆရာကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)