မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်

မြစ်သား  သြဂုတ်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယ‌နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဘေးသင့်အကျိုး ခံစားခွင့်ရှိသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဌာနမှ လက်ထောက်ငွေသားနှင့် ပြေစာထောက်ပံ့ရေးအရာရှိ ဦးချမ်းမြေ့ထွန်းနှင့် တပ်ဖွဲ့ဝင်(၁၀) ဦးတို့က မြစ်သားမြို့ပေါ်(၆)ရပ်ကွက်ရှိငလျင်ဘေးသင့် အိမ်ထောင်စု (၄၄၀) စုရှိပြီးသြဂုတ်လ(၁၂)ရက်နေ့က စတင်၍ အိမ်ထောင်စု (၂၃၀) စုအား ငွေသားထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး အိမ်ထောင်စု (၁) စုလျှင် ၄၀၀၀၀ဝိ/- ကျပ်နှုန်းပေးအပ်ခဲ့ရာ သြဂုတ်(၁၃)ရက်နေ့တွင် ကျန်ရှိသောအိမ်ထောင်စု (၂၁၀) စုများအားပေးအပ်လျက်ရှိသည်။ ဆက်လက်၍ပေးအပ်ရာနေရာသို့ မြို့နယ်ကြက်ခြေနီအသင်းဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့်ကြက်ခြေနီအသင်းဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)