မန္တလေးတိုင်းဒေသကြီး

ရှင်မတောင်ဒေသထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုရ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသထွက် သနပ်ခါးများနှင့် မြိုင်မြို့နယ်ထွက် သနပ်ခါးများ စိုက်ပျိုးရေးသနပ်ခါးများထက် ဈေးနှုန်းပိုမိုရရှိစွာ ရောင်းချနေရကြောင်း ပုဂံမြို့ဟောင်း သဗ္ဗညုဘုရားကြီးတွင် ရောင်းချနေသည့် သနပ်ခါးပင်၊ သနပ်ခါးတုံး ရောင်းဝယ်ရေး ပွဲစားများထံက သိရသည်။

ရမည်းသင်းမြို့နယ်၌ယူရီးယားမြေဩဇာနှင့်သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စုပေါင်းကြဲပက်

ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၁၂)ရှိ တောင်သူ ဦးမောင်ဇော်၏ မိုးရာသီအောင်နိုင်တိုးစပါး(၅)ဧက၌ ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စက်တင်ဘာ  ၁၇ ရက်နေ့ နံနက်တွင် စုပေါင်းကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီ(၁)ပိဿာ(၇၆၂၅)ကျပ်ဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက်အပတ်စဉ် စားအုန်းဆီများကို ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ရပ်ကွက်/ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။  

မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား သမကျေးလက်ဓာတ်မြေဩဇာအိတ်များ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သမကျေးလက်ဓာတ်မြေဩဇာအိတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့က သဲတောအမှတ် (၃) ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၂)ရပ်ကွက်၊ အကွက် (စ-၃) အ.လ.က(၁၃ ထခွဲ) ကျောင်းအတွင်းရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့်အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများနှတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၁၇ ရက်၊ နံနက် ၉ နာရီအချိန်က မြင်းကပါကျေးရွာသို့ သရုပ်ပြမဲပေးစက်ဖြင့် မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စက်တင်ဘာ၁၅ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ မြန်မာပြန်-ခင်စုစုစံ၏ လူတွေဘာလို့ နောက်ရွှေ့ချင်နေရတာလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ သည်။

ပြင်ဦးလွင်မြို့တွင်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးရုံးမှ ဦးဆောင်၍   ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို  စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက  ပြင်ဦးလွင်မြို့ အမှတ်  ( ၂ ) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌  ကျင်းပသည်။ 

ပြင်ဦးလွင်မြို့နယ်၌ ဒီဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် မဲခေါင်- လန်ချန် အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ဒီဂျစ်တယ်  အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၅ ရက်က  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌  ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး