မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင် ပြပွဲ၊ နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၆၁) လမ်းနှင့် စိန်ပန်းလမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေမြှင့်တင်ခြင်း လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါပြီး စက်တင်ဘာ၁၆ရက် မွန်းလွဲပိုင်းက သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေ မြှင့်တင်ခြင်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးသည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး  အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်(၁၀) နာရီက အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွက် အမှိုက်ပုံးအစုံ (၅၀) ပေးအပ်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများလိုက်ပါပြီး စက်တင်ဘာ၁၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဦးလွင်မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အမှိုက်ပုံး အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်နှင့် အနီရောင် ၄ မျိုးပါ အစုံ ၅၀ အား ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် အဖွဲ့အစည်းများထံသို့ ခွဲဝေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မာဃရပ်ကွက်အတွင်းရှိပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အ.ထ.က(၁) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က (၁) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်း‌ဒေသကြီး မြင်းခြံမြို့၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့  နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

(၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး အကြံပြုချက်များကို ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်မှု အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ (၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၏ အကြံပြုချက် ၁၄ ချက်နှင့်ပတ်သက်သည့် အချက်အလက်များကို ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်း စောင့်ရှောက်မှု အစီရင်ခံစာ(State of Conservation Report of Bagan, 2024-2025)တွင် ထည့်သွင်းရေးသားတင်ပြနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး