ပြင်ဦးလွင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် မဲခေါင်- လန်ချန် အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ဒီဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၅ ရက်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်း ပြောကြားခဲ့ပြီးတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် တက်ရောက် လာသော လုပ်ငန်းရှင်တို့အား ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဗဟုသုတများ၊ Online Registration သိကောင်းစရာများ၊ Cyber Security နှင့် ပက်သက်သောအကြောင်းအရာများ၊ SSID e-commerce website ဝင်ရောက်အသုံးပြုပုံ၊ Food Safety နှင့် Online Sale မှတ်ပုံတင်ခြင်းအကြောင်းအရာသင်ခန်းစာတို့ကို သင်တန်းနည်းပြများမှ အသိပညာမျှဝေပို့ချနိုင်ခဲ့ပြီး သင်တန်းသား / သင်တန်းသူ ၂၀ တက်ရောက်ကြောင်း သိရသည် ။
ခရိုင် ( ပြန်/ဆက် )