မလှိုင် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သမကျေးလက်ဓာတ်မြေဩဇာအိတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သမကျေးလက်ဓာတ်မြေဩဇာအိတ်များ ရောင်းချပေးခြင်းကို ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား ရောင်းချပေးခြင်းဖြစ်ရာ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု (၇) အုပ်စု၊ တောင်သူပေါင်း (၂၈၂) ဦးအား ယူရီးယားဓာတ်မြေဩဇာ (၅၀၀) အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ (၅၀၀) အိတ်၊ စုစုပေါင်း (၁၀၀၀) အိတ်တို့ကို တောင်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများ အချိန်မီထည့်သွင်းနိုင်ရေးနှင့် တောင်သူများလူမှုစီးပွားတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မလှိုင်(ပြန်/ဆက်)