ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီ(၁)ပိဿာ(၇၆၂၅)ကျပ်ဖြင့် ရောင်းချပေး

ကျောက်ဆည် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက်အပတ်စဉ် စားအုန်းဆီများကို ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ရပ်ကွက်/ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုင်ပင်သာကျေးရွာတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။  

ထိုသို့ရောင်းချရာ၌ ပြည်သူများ စားသုံးဆီဝယ်ယူရာ၌ အခက်အခက်မရှိစေရေး ဆီဝယ်ယူခွင့်စာအုပ် (၁)အုပ်လျက် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် အိမ်ထောင်စု(၅၅)စုအတွက် ဆီပိဿာချိန်(၁၁၀)ပိဿာအား (၁)ပိဿာလျင် ငွေ(၇၆၂၅)ကျပ်ဖြင့် ဦးနန်းဦး(နဒီဧရာ)စားသုံးဆီလက်လီ လက်ကားအရောင်းဆိုင်မှ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)