ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် စကားဝိုင်းကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း က ထားဝယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။