တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

တောင်သာ  စက်တင်ဘာ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ မြန်မာပြန်-ခင်စုစုစံ၏ လူတွေဘာလို့ နောက်ရွှေ့ချင်နေရတာလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ  စာရေးဆရာမြန်မာပြန်-ခင်စုစုစံ၏ လူတွေဘာလို့နောက်ရွှေ့ချင်နေရတာလဲ  စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ သင် မအောင်မြင်ရသောအကြောင်းရင်းမှာ  အောင်မြင်မှုအတွက်  မည်သို့ လုပ်ဆောင်ရမည်ကို မသိသောကြောင့်မဟုတ်ပါ။ သင်သိထားသည်ကို  လက်တွေ့မလုပ်ဆောင် နိုင်ဘဲ နောက်သို့ ရွှေ့ဆိုင်းတတ်သောကြောင့်ပင်ဖြစ်သည်။ ငါ အမှန်တကယ် ဖြစ်ချင်တာက ဘာလဲ၊ လိုချင်တာကို ရဖို့အတွက် လက်ရှိလုပ်နေတာတွေက ဘာတွေလဲ၊   လက်တွေ့လုပ်လို့ အကျိုးရလဒ်ရှိလာတယ်  လို့ထင်ပါသလား၊ လက်တွေ့လုပ်ပေမဲ့ အကျိုးရလဒ်မရှိဘူးလို့ ထင်ပါသလား၊ ဒါဆိုရင် အဆက်မပြတ်လက်တွေ့လုပ်ပါ၊ ဒီထက်နည်းနည်း ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်၊ ရှေ့လျှောက် ဒီလိုမျိုးလုပ်နေလို့မဖြစ်တော့ဘူး၊ ဘယ်အချိန်အထိ လက်တွေ့လုပ်မလဲ ဆိုတဲ့ အချိန်ကာလကို သတ်မှတ်ထားပါ၊ ဒါဆိုရင် ရည်မှန်းချက်အောင်မြင်ဖို့အတွက် လက်ရှိ လုပ်နေတဲ့ နည်းလမ်းကို ပြောင်လဲပြီး လုပ်ကြည့်ရမယ်။ လူ့အဖွဲ့အစည်း၏ စည်းမျဉ်း မလိုက်နာမှုကို ပြသပေးသည့် ပရိုဂရမ်ထက် ဒေါသထွက်မှုကို ပြေပျောက်စေနိုင်လောက်သည့် အပန်းဖြေ ပရိုဂရမ်ကို ကြည့်ရှုပါ။ မကြာခဏ ပြောင်းလဲသလိုဖြစ်သော်လည်း မိမိလိုချင်သော အရာကို သိမြင်နားလည်ပြီး ရယူတောင်းဆိုနည်းကို သင်ယူလေ့လာပါ စသည်ဖြင့် ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)