ရမည်းသင်း စက်တင်ဘာ ၁၇
ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၁၂)ရှိ တောင်သူ ဦးမောင်ဇော်၏ မိုးရာသီအောင်နိုင်တိုးစပါး(၅)ဧက၌ ယူရီးယား မြေဩဇာနှင့် သဘာဝမြေဩဇာ ၁:၃ ရောစပ်၍ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်တွင် စုပေါင်းကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေဩဇာ ကြဲပက်ပွဲသို့ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် တောင်သူလယ်သမားများ ကြည့်ရှုလေ့လာခဲ့ကြသည်။ ယူရီးယားမြေဩဇာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သီးနှံပင်မှ အပြည့်အဝ စားသုံးနိုင်စေရေးအတွက် သဘာဝမြေဩဇာဖြင့် ၁:၃ ရောစပ်ကြဲပက်ခြင်းကို တောင်သူများလိုက်ပါဆောင်ရွက်လာရန် ပြသဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ခရိုင်(ပြန်/ဆက်)