မန္တလေးတိုင်းဒေသကြီး

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၅၇၀(ခ)ရှိ တောင်သူဦးမြင့်မောင်နှင့် ဦးသိန်းဝင်းတို့၏ လယ်မြေများပေါ်တွင် ယမန်နေ့က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေး သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမီးလောင်ခဲ့သည့် မန္တလေးတက္ကသိုလ် ပင်မဆောင်အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံတို့အား ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်န

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ငါန်းဇွန်မြို့အ.ထ.က၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား/သူများအား ခင်မောင်ညို(ဘောဂဗေဒ)မှ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော ဂုတ်ထူးရကျောင်းသား/သူများအား ခင်မောင်ညို(ဘောဂဗေဒ)မှဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၈နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ အ.လ.က(၂) ကျောင်းတွင် တာ၀န်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စု (၃၄) အုပ်စု၌ မိုးနှမ်း (၃၂၃၄) ဧကစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ် (၃၄) အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် (၁၀) တန်းသွားမျိုးစေ့ချ ကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံတောင်သူအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့ကို ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်         (၁၀) တန်းသွား မျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ န့နက် (၉:၀၀)နာရီအချိန်က စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာရှိ တောင်သူဦးသောင်းစိန်  ကွင်းအမှတ် (၇၆)၊ ဦးပိုင်အမှတ် (၃၄)၊ လယ်မြေ (၃) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် (၁၀) တန်းသွားမျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံတောင်သူအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး လက်မှုလယ်ယာစနစ်မှ စက်မှု လယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ပျိုးဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်း ရရှိစေရေးတို့ကို ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ်  (၁၀) တန်းသွား မျိုးစေ့ချကိရိယာစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ န့နက် ၉:၀၀ နာရီက သင်္ဂတုံကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာရှိ တောင်သူ ဦးသောင်းစိန်  ကွင်းအမှတ် (၇၆) ၊ ဦးပိုင်အမှတ် (၃၄)၊ လယ်မြေ (၃) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရိယတ္တိသာသနဟိတအသင်း (၁၁၉) ကြိမ်မြောက် စာအောင်ပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ပရိယတ္တိသာသနဟိတအသင်း ဓမ္မဗိမာန်တော်တွင် အဆိုပါအသင်း၏ (၁၁၉) ကြိမ်မြောက် စာအောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတ(သကျသီဟ) သီးခြားဓမ္မာစရိယ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၏ ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ   ကြွရောက်တော်မူကြပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ စာအောင်သံဃာတော်များ၏ မိဘဆွေမျိုး၊ ဒါယကာ၊ ဒါယိကာမများ၊ တက်ရောက်ခဲ့ကြသည်။

ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး (၉၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ သီရိပစ္စယာရပ်ရှိ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်ကြီး၏ (၉၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းသပိတ်လုံး လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ကြီးရင်ပြင်တော်၌ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်ကစတင်၍ လောကနနန္ဒာစွယ်တော်မြတ်စေတီ ရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး