ဗထူးမိုးလုံလေလုံအားကစားရုံ၌ မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၂

၂၀၂၆ ခုနှစ်၊ မဟာအောင်မြေခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ် အသက် ၂၂ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံ အားကစားရုံ၌ ဇွန် ၁၁ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အစီအစဥ်အရ ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲဗိုလ်လုပွဲစဥ်အဖြစ် အမရပူရအသင်းနှင့် ပြည်ကြီးတံခွန် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပြည်ကြီးတံခွန်အသင်းက အနိုင်ရရှိကာ ပထမဆုဆွတ်ခူးခဲ့သည်။ ဆက်လက်ပြီး အသက် ၂၂ နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ရာ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ အမရပူရအသင်း၊ ဒုတိယ ချမ်းမြသာစည်အသင်းနှင့် တတိယ ချမ်းအေးသာစံအသင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ ပြည်ကြီးတံခွန်အသင်း၊ ဒုတိယ အမရပူရအသင်းနှင့် တတိယ အောင်မြေသာစံအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ၊ အသင်းလိုက်ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၉ ရက်နေ့မှ ဇွန် ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ခုနှစ်သင်းမှ နှစ်ယောက်တွဲပြိုင်ပွဲများနှင့် သုံးယောက်တွဲပြိုင်ပွဲများကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မဟာအောင်မြေခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပိုက်ကျော်ခြင်းဆပ်ကော်မတီဝင်များ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)