တောင်သာ ဇွန် ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဝီလျှံအောင်၏ စတော့အိတ်ချိန်းမှာအရင်းအနှီးရှာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း(Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ဝီလျှံအောင်၏ စတော့အိတ်ချိန်းမှာ အရင်းအနှီးရှာစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ စတော့ ဈေးကွက်တွင် အများပိုင်ကုမ္ပဏီများသည် လိုအပ်သော အရင်းအနှီးများကို ရရှိစေရန်နှင့် ပြည်သူ လူထုကိုရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ၊ အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်သော ဈေးကွက်တစ်ခုဖြစ်ပါသည် အချိန်တစ်ခု အနှေးအမြန်ဆိုသည်မှာ မိမိရည်မှန်ချက်၊ ရည်မှန်ထားသော မိမိရင်းနှီးစိုက်ထုတ်လိုက်ရသော ငွေကြေး၊ ဉာဏအား၊ ကာယအားတို့ဖြင့် ပေါင်းစပ်၍ ရလာသောအကျိုးအမြတ်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ရောက်ရှိအောင် ခရီးဆက်နိုင်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)