ရှမ်းပြည်နယ်

လဲချားတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “သတင်းစကား’’ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် “သတင်းစကား’’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကျောင်းသား/ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

နောင်တရားမြို့၌ စိုက်ပျိုးရေးတောင်သူများအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် စိုက်ပျိုးတောင်သူများအတွက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များအတွက် မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။

မိုင်းဆတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ အသက် ၁၀နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေးလျက်ရှိရာ ဇွန် ၂၄ ရက် နံနက်ပိုင်းက မယ်ဆွမ်တောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(အ.လ.က-၂)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ဘုရားဖြူကျေးရွာ၌ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာမှ ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အသက်(၁၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၄ ရက်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

ခိုလမ်မြို့၌ ပထမအကြိမ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ သစ်တောဦးစီးဌာနမှပြည်သူများအား သစ်တော၊ သစ်ပင်၏တန်ဖိုးများကိုသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက ခိုလမ်မြို့၊ ဟိုင်းလိုက်ကျေးရွာအုပ်စု(၂၉)မိုင်ကျေးရွာတွင် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန်လ(၂၃)ရက်နေ့နှင့်(၂၄)ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့နယ်၌ ရက်(၁၀၀)စီမံချက်အရ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်အရ တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)ရှိ ရှင်းလင်းဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်