ခိုလမ်မြို့၌ ပထမအကြိမ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ခိုလမ် ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ သစ်တောဦးစီးဌာနမှပြည်သူများအား သစ်တော၊သစ်ပင်၏တန်ဖိုးများကိုသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက ခိုလမ်မြို့၊ ဟိုင်းလိုက်ကျေးရွာအုပ်စု(၂၉)မိုင်ကျေးရွာတွင် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချူပ်မှတာဝန်ရှိသူတစ်ဦးမှ သစ်ပင်စိုက်ပျိုးရသည့်အကျိုးကျေးဇူးအကြောင်းကို ရှင်းပြအဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်တို့က ပျိုးပင်များကိုပေးအပ်ခဲ့ပြီး နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ၂၀၂၆ခုနှစ် ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှအရာရှိစစ်သည်များနှင့်ရဲမေများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက တပြေဘူတ(၁၀)၊ ခါတော်မီ(၅၀)၊ စိန် ပန်းနီ(၈၀)၊ ချယ်ရီ(၅၀)၊ မျောက်ငို(၂၅၀)၊ မဟော်ဂနီ(၁၀)၊ ကံ့ကော်ပင်(၁၀)၊ ခရေပင်(၁၀)၊ ပိတောက် ပင်(၁၀)၊ မဲဇလီပင်(၅၂၀)ပင် စုစုပေါင်းပျိုးပင်(၁၀၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ခိုလမ်(ပြန်/ဆက်)