တောင်ကြီး ဇွန် ၂၆
တောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်အရ တိရစ္ဆာန်ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)ရှိ ရှင်းလင်းဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဇုန်အတွင်း ဥစားကြက်(၄၈၆၉၅၀)ကောင်တိတိ မွေးမြူထုတ်လုပ်နေသည့် မွေးမြူသူ (၃၅)ဦးနှင့်တွေ့ဆုံ၍ ဇီဝလုံခြုံရေးဂရုပြုလိုက်နာရမည့်အချက်အလက်များ၊ မွေးမြူရေးခြံပီစီ(၅)ပုံစံဖြင့် စစ်ဆေးခြင်း၊ စစ်ဆေးရာတွင် ဥစားကြက်များ၏(သွေး၊သောက်ရေ)နမူနာပစ္စည်းများ ဓာတ်ခွဲစစ်ဆေးခြင်း၊ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)၏ မွေးမြူရေးမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုအခြေအနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့အပေါ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တောင်ကြီးမြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဇုန်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံအလိုက်ကွင်းဆင်း၍ မွေးမြူမှုအချက်အလက်စစ်ဆေးခြင်းနှင့် ဆဌမအကြိမ်မြောက်ဓာတ်ခွဲနမူနာပစ္စည်းများ စနစ်တကျရယူခြင်းတို့ကိုဆက်လက်ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်