လဲချား ဇွန် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇွန်လ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် “သတင်းစကား’’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကျောင်းသား/ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှု၊ မူးယစ်းဆေးဝါးအမျိုးအစားများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များစသည်တို့နှင့် ကဗျာဆရာမင်းသန်းနိုင်(မုဒုံ)၏ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် အသိပညာပေးကာတွန်းများပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)