အားကစားသည် လူငယ်များ၏ရုပ်ပိုင်းဆိုင်ရာခိုင်မာမှုနှင့် စည်းကမ်းလိုက်နာတတ်မှုတို့ကို မြှင့်တင်ပေးသည့် အရေးကြီးသောကဏ္ဍဖြစ်သည့်အတွက် တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ ဆေးတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဘောလုံးအားကစားကိုချစ်မြတ်နိုးသူများတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။