တာလေ ဇွန် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် "အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့်ဆောင်းပါး၊ "မူးယစ်ဆေးဝါးဆိုသည်မှာ" ခေါင်းစဉ်ဖြင့် မူးယစ်ဆေး၏ဆိုးကျိုးများအကြောင်း၊ ၂၀၂၅ ခုနှစ်က မီးရှိုးဖျက်ဆီးခဲ့သည့် မူးယစ်ဆေးများ၊ "မူးယစ်ဆေးဝါးအုပ်စု (၅)မျိုးအကြောင်း၊ "ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်" ကဗျာနှင့် "ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ"၊ အစရှိသည်များကို လက်ကမ်းစာစောင်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)