မိုင်းနောင် ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇွန်လ(၂၃)ရက်နေ့နှင့်(၂၄)ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူး ဒေါ်နန်းမီးက ဟောပြောပွဲ၊ ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းခြင်း၊ စခန်းမှူးရဲအုပ်ဇော်ဝင်းက မူးယစ်ဆေးဝါးဥပဒေများအကြောင်းရှင်းလင်းခြင်း၊ အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းမိညိုက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ သတိပြုဖွယ် E-စီးကရက် (Vape)အန္တရာယ်များအကြောင်းကိုရှင်းလင်းကာ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းမှ လူငယ်အသိပညာပေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးမှုအပေါ်ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်သည့်နေရာသို့ မြို့ဦးစည်သူထွန်းနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၄၈၅)ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှဆရာမများနှင့်အတူ ကျောင်းပတ်ဝန်းကျင်အတွင်း ခြင်၊ ပိုးလောက်လန်းများခိုအောင်းမှုမရှိစေရေးအတွက် ကျောင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)