ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ အ.ထ.ကကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ကွင်းဆင်းဆောင်ရွက်ပေး
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များကို ယမန်နေ့ နံနက်ပိုင်းက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ အ.ထ.ကကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။