ပင်လောင်းမြို့နယ်၌ လက်ဖက်စိုက်ပျိုးရေးနည်းပညာသင်တန်း းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်လောင်း ဇူလိုင် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု၊ နန်းပန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ဖက်စိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက သင်တန်းတွင် သင်ကြားပို့ချပေးသည့်နည်းပညာများကို သိတတ်နားလည်သည်အထိ မှတ်သားထားကြရန်နှင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ဖို့လိုအပ်ကြောင်း  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား စိုက်ပျိုးရေးသုံးဆေးဖြန်းပုံးနှင့် သင်တန်းသုံးစာရေးကိရိယာများအား ပေးအပ်ခဲ့ကြကြောင်း၊ အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး၊ သင်တန်းကို ဇူလိုင်လ ၁ ရက် နေ့မှ ၁၀ ရက်နေ့အထိ လက်ဖက်စိုက်ပျိုးရေးနည်းပညာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်