လင်းခေး၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT) ဖွင့်ပွဲကျင်းပ

လင်းခေး ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်  ၁ ရက်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဦးမိုးဝင်းအောင်က အဆိုပါသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟစိုး၊ ဒုတိယဦးစီးမှူးဦးသော်ထွန်းဒွေးနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုကိုမြင့်တို့က အခြေခံသိသင့်သိထိုက်သည့် ဥပဒေ၊နည်းဥပဒေဆိုင်ရာ ဘာသာရပ်(၁၁)ခုကို ဆွေးနွေးပို့ချပေးခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးသင်တန်းသားများ(၂၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)