ကျေးသီး ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် မူလတန်းကျောင်းသား၊ကျောင်းသူများ ကလေးကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား၊ကျောင်းသူတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို ဆုချီးမြှင့်ပေးခဲ့သည်။
ကျေးသီး(ပြန်/ဆက်)