ရှမ်းပြည်နယ်

ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦလင်းအောင်ဆွေ နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိဖြို့ဖများနှင့်တွေ့ဆုံ၍ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လမ်းဘေး ဝဲယာတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းအခြေပြုဘင်ခရာသင်တန်းဖွင့်လှစ်နိုင်ရန်အတွက် အလှူငွေ ၅သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် သီရိမင်္ဂလာပန်းခြံနေရာကို ကွင်းဆင်းကြည့်ရှု ခဲ့ သည်။

မိုင်းနောင်​မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရက် (၁၀၀) လမင်း စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် (UID) ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) များ ပြုလုပ်ပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင် ၁ ရက်နေ့နံနက် ၁၀ နာရီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ကျောက်မဲမြို့၌ ရက် (၁၀၀) ကာလအတွင်း ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ ရက် (၁၀၀) ကာလအတွင်း ပြည်သူ့အကျိုးပြု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က   အထက (၁) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ကျိုင်းတုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ယန်းခကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂၉ ရက်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

တန့်ယန်းမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Subscribe to ရှမ်းပြည်နယ်