ရှမ်းပြည်နယ်

မိုင်းရယ်၌ မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို၌ ယနေ့ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ ဝါဆိုဘုန်း‌တော်ကြီးကျောင်းအနီးတွင် ပြုလုပ်သည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ရွှေမြို့နယ် သဲကျင်းကျေးရွာ အင်းလေးကန်အရှေ့ကြိုးဝိုင်းကာကွယ်တော၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ အင်းလေးကန်ရေရှည်တည်တံ့စေရန်နှင့် သစ်တောသစ်ပင်များ ပြုန်းတီးမှုမှ ကာကွယ်ရန်အတွက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၃) ရက် နံနက် (၈) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် သဲကျင်းကျေးရွာ အင်းလေးကန်အရှေ့ကြိုးဝိုင်းကာကွယ်တော၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID CARD များ ထုတ်ပေးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံလိုအပ်ချက်အရ ရှေးရှု၍ အစိုးရသစ်လက်ထက်ရက် (၁၀၀) ကာလ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID CARD များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝကဦးစီးမှူးရုံး ဝန်ထမ်းများမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ပူးယာစန်း) ရှိ ကျောင်းသား/ ကျောင်းသူများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်း၌ လမ်းညွှန်း၊လမ်းအမှတ်သားများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ယာဉ်တိုက်မှုအန္တရာယ်များကို လျှော့ချနိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆိုမှုမရှိစေဘဲ သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်လမ်း၌ လမ်းညွှန်း၊ လမ်းအမှတ်သားများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ စံနမူနာပြရှေ့ပြေးဥပဒေရုံးအဖြစ် ဆောင်ရွက်ထားရှိသည့် တောင်ကြီးခရိုင်ဥပဒေရုံးရှိ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေး

ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံသည် စံနမူနာပြရှေ့ပြေးဥပဒေရုံးအဖြစ် ဆောင်ရွက်ထားရှိသည့် တောင်ကြီးခရိုင်ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား ဇူလိုင်လ (၂) ရက်နေ့၊ မွန်းလွဲပိုင်းက တွေ့ဆုံအားပေးသည်။

မိုင်းနောင်မြို့၌ (ဒုတိယ) အကြိမ် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့၌ သစ်တောဦးစီးဌာနနှင့် မိုင်းနောင်တပ်နယ်တို့ ပူးပေါင်း၍ ပြည်သူများအား သစ်တော၊ သစ်ပင်၏တန်ဖိုးများကို သိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၇) နာရီအချိန်က ထူပါရုံဘုရားပတ်ဝန်းကျင်နှင့် မိုင်းနောင်တပ်နယ်များတွင် (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွှဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းဖြတ်မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခနမ၌ ကျင်းပခဲ့သည်။

မိုင်းကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲကို ဇူလိုင်လ(၁)ရက်နေ့က ကျင်းပသည်။

လင်းခေးတပ်နယ်၏ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးတပ်နယ်၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တပ်နယ်စိုက်ကွင်းအတွင်းကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်