လင်းခေးမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်း အနားကျင်းပ

လင်းခေး ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ရက်နေ့မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က သင်တန်းသားများထံ သင်တန်းထောက်ပံ့ပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြပြီး၊ ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်နှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများစုစု ပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ  ဇူလိုင် (၁)ရက်မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ သင်ခန်းစာဘာသာရပ်(၁၅)မျိုး သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)