ရှမ်းပြည်နယ်

ဟိုပုံးမြို့နယ်၌  မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ဟိုပုံး-ဆီဆိုင်သွား ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဖြန့်ဝေလျက်ရှိသည်။

မိုးနဲမြို့နယ်၌ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော အောင်မြင်ဖြစ်ထွန်း‌နေသည့်ဆောင်းသီးနှံနေကြာစိုက်ခင်းနှင့် အစေ့ထုတ်ပြောင်း ရိတ်သိမ်းနေမှုအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်းသိရသည်။   

ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

တောင်ကြီးမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ်ထား၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒီဇင်ဘာလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က  သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ရှေ့မှစတင်၍ ဟိုပုံး - ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ဟိုပုံး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးအတိုင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

၂၀၂၆-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမနနေ့ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု သလဲဦးအလယ်မြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာဦးစီးဌာန အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယမန်နေ့ နံနက် (၁၀)နာရီက အ.ထ.က(ပုံပါကျင်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” "တို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ "တို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့၌ ဆန္ဒမဲပေးစဉ် မဲပေးစက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်း ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးစဉ် အီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စက်အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းခြင်းဖြစ်ပေါ်ပါက ဆက်လက်မဲပေးခြင်းဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ မွန်းလွဲ ၂ နာရီက အောင်မြတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်