ကျေးသီး ဇူလိုင် ၁၆
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီမှ ၉ နာရီအထိ အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုရဲမေများမှ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဝန်းအတွင်း၊ အပြင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များ၊ သစ်ရွက်ခြောက်များ ဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း အမြင်တင့်တယ်စေရေးနှင့် လေဝင်/လေထွက် ကောင်းမွန်စေရေး ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီး(ပြန်/ဆက်)