တန့်ယန်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာတော်ကြီးများ ဦးဆောင်၍ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ မဟာသဒ္ဒမ္မဇောတိက ဓဇဘဒ္ဒန္တသုခမိန္ဒထံမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့်ဇနီး၊ ဝန်ထမ်းများက ငါးပါးသီလခံယူဆောက်တည်ကြကာ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဒါန်း ဖွယ်ရာများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)