ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်

ပင်းတယ ဇူလိုင် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျုံးကျေးရွာအုပ်စု၊ ဂေါ်ရာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်တိုင်းရင်းဆေးကုဌာန ဒုတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးဖြိုးဝေက ကျန်းမာရေးအသိပညာ‌ပေးကို ဟောပြောပြီး၊ ဆေးကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနံရံကပ်၊ စာအုပ်၊ စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လလာ ဖတ်ရှုခဲ့ကြကြောင်း သိရပြီး၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများအား ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေးလက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိုနောက် မွန်းလွဲပိုင်းတွင် ကျုံးကျေးရွာအုပ်စု(ကျုံး) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အောင်ကိုဦး(ပြန်/ဆက်)