ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ One Stop Service Centre ဖွင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး ဇူလိုင် ၂၁

ရှမ်းပြည်နယ် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ One Stop Service Centre(OSSC)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ဝန်ကြီးများရုံးဟောင်း၌ကျင်းပရာ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်သန်းထူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် MSMEလုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ ရှမ်းပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့်တာဝန်ရှိသူများက ရုံးဆိုင်ဘုတ်အား အမွှေးနံ့သာများ ပက်ဖြန်းပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက အဖွင့်အမှာစကားပြောကြားပြီး MSME လုပ်ငန်းရှင်များထံ ယာယီမှတ်ပုံတင်လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ရှမ်းပြည်နယ် MSME အေဂျင်စီဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် တာဝန်ရှိသူများက MSMEလုပ်ငန်းရှင်များအား One Stop Service ဆောင် ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)