တောင်ကြီး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ယင်လုံအိမ်သာလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးအတွက် အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့၊ နေ့လယ်ပိုင်းက၊ တောင်ကြီးမြို့၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ယင်းလုံအိမ်သာလွှမ်းခြုံမှုပိုမိုမြင့်မား စေရေးအတွက် ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်သက်ဝင်းမှ ယင်လုံအိမ်သာလွှမ်းခြုံမှုပိုမိုမြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးအကြောင်းအရာများ၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)