ဘီးလင်းမြို့၊ အ.ထ.ကခွဲ(မုသင်)ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲများကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.ထ.ကခွဲ(မုသင်)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။