မွန်ပြည်နယ်

သထုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အ.ထ.က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာသိမှတ်ဖွယ်ရာများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဆွေးနွေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ဇူလိုင်လ ၂၂ ရက်နေ့နံနက်က အဆိုပါ‌ကျောင်းရှိ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို မေလ(၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်(၂၂)ရက်နေ့အထိ ကျေးရွာ(၄၅)ရွာရှိ တောင်သူ (၃၀၅၄)ဦး၏ စိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၁၆၇၅၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဇူလိုင် ၂၁ ရက်​နေ့နှင့် ၂၂ ရက်​နေ့​တို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း  ဆင့်ပွားသင်တန်းပို့ချနေမှုအား လာရောက်ကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းကို ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သထုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာမြင့်မားရေး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် (၁၀) နာရီအချိန်ခန့်က အ.ထ.က(၂)သထုံကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ် သမဝါယမအသင်းစုလိမိတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)သို့ ဆန်နှင့်ကြက်သွန်နီများ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုလိမီတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ကြားနေသော သင်တန်းသား/သင်တန်းသူများအတွက် ဆန်နှင့်ကြက်သွန်နီများကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
Subscribe to မွန်ပြည်နယ်