သထုံမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲပြုလုပ်

သထုံ  နိုဝင်ဘာ  ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာ‌ပေးရှင်းလင်းရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်က သထုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များအား ၂၀၂၅ ခုနှစ်အတွက် အခွန်ဆိုင်ရာ သိသင့် သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူတို့၏ သိလိုသည့် မေးမြန်းခြင်းတို့ကို ပြန်လည်ရှင်းလင်း‌ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)