မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၉.၂၂ ရာခိုင်နှုန်းရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီက အ.ထ.က (ကျိုက်မရော)နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ ပြည်နယ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုအစီအစဉ်ကို ယနေ့တွင် ကွမ်ရိုက်ကျေးရွာ ဆံတော်ရှင်ကျိုက်တမော့လဲ့စေတီဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်း ​ဆောင်ရွက်

မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လမ်းညွှန်မှာကြားချက်ဖြင့် မော်လမြိုင်မြို့နယ် ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(၆) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ မှဘီးလင်းမြို့နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုများထံ ဆန်နှင့်စားသောက်ကုန်များ ပေးအပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးဆင်းမှုကြောင့် ဇူလိုင်လ ၂၄ ရက်မှ စတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၅ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာ‌မောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က  ရုတ်တရက်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအလယ်တန်းကျောင်းခွရှိစာသင်ဆောင် (၄)ဆောင်နှင့် ကျေးရွာအတွင်းရှိလူနေအိမ်(၇၇)လုံး အမိုးများလန်ခြင်း ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦးနေအိမ်ပြိုကျပိမိသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာမှ လေပြင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင်ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြသပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြသပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။   

ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည်  ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်းများသို့သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ UCSTT Project Show 2025 ပြပွဲအခမ်းအနား ကျင်းပ

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့်သင်ခန်းစာများကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်ထားသည့် UCSTT Project Show 2025 ပြပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊ သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများက သတိပြုစေရန် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် ၎င်းတို့၏ နေရင်း‌ဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင်လည်းကောင်း၊ အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း  အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်