ဘီးလင်း နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်သုံးဆီရောင်းချလျက်ရှိသော ဆီဆိုင်များအား ပုံမှန်စျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစက်သုံးဆီဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်နှင့် ကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ r,q စက်သုံးဆီအရောင်းဆိုင်များဖြစ်သော SOLO ဆီဆိုင် ၊DENKO ဆီဆိုင်၊ PUMAR ဆီဆိုင်၊ ROYAL ဆီဆိုင်နှင့် ပြည့်ဝဆီဆိုင်များသို့ သွာရောက်ကာ စက်သုံးဆီရောင်းချသည့်စျေးနှုန်းများစစ်ဆေးခြင်း၊ ရောင်းချဆီလီတာများ ပြည့်၊ မပြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စက်သုံးဆီအသုံးပြုသူများ ဆီ ပြတ်တောက်မှုမရှိအောင် စနစ်တကျရောင်းချပေးရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူ များအား ထပ်ဆင့်မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)